National University of Singapore (NUS) – Computing

In this day and age, the universal need for Information Technology (IT) and the crucial role it plays in the modern workforce is undisputed. Rapid advances are being made daily in the way we use IT to enhance performance and function, and there is a massive corresponding demand for tech talent in all industries.

To evolve with the times and manage this tech revolution, organisations are now employing ‘Cybersecurity Engineers’, ‘UX Developers’, ‘Big Data Analysts’, ‘Digital Transformation Consultants’, ‘FinTech Specialists’, and the like—new roles created specifically to meet current business needs. Yet, there just are not enough people with the skills necessary to fill these roles. To remain in the game, the best IT professionals evolve with the times and develop their knowledge and skills to take on these new challenges.

Whether it is to upskill, or break into the field of Computing, the MComp programme is designed to help its students and graduates achieve their goals. The programme offers five options to support a range of personal career aspirations.

Experience challenging, comprehensive curricula, informed by the latest innovative research by leading academics, at one of the best computing schools in the world. Gain an edge over the competition, and be well-equipped to pursue those long-awaited career opportunities.

Master of Computing ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

IT/Computer Science ဆက်စပ် အသိအမှတ်ပြုဘွဲ့တစ်ခုရရှိထားကာ လုပ်ငန်းခွင်အတွင်း မိမိတို့၏စွမ်းဆောင်ရည်ကို တဆင့်မြှင့်လုပ်ကိုင်ဆောင်ရွက်လိုသူများ တက်ရောက်လျှောက်ထားသင့်ပါသည်။

Computing/ ITဆက်စပ်ဘွဲ့မရရှိထားသော်လည်း Programmingအကြောင်း လေ့လာသင်ကြားဖူးသည့် ကျောင်းသူ၊ကျောင်းသားများဖြစ်ပါက Master of Computing (General Track)ပရိုဂရမ် တက်ရောက်သင်ကြားခွင့်ရရှိမည်ဖြစ်ပါသည်။

အဆိုပါ Master of Computing ပရိုဂရမ်တွင်

-Computer Science

-Infocomm Security

-Information Systems

-Artificial Intelligence ဘာသာရပ်များကို သင်ကြားရမည်ဖြစ်ပါသည်။ NUS၏ Computer Science and Information Systemဘာသာရပ်သည် QS World Ranking by Subject 2021အရ ranked #4 အဖြစ် ရပ်တည်လျက်ရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Computing ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန်(၁)နှစ်ခွဲကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 48,000 ကုန်ကျပါမည်။

Master of Computing (General Track)တက်ရောက်မည့်သူများအနေဖြင့် စာသင်ကာလ (၁)နှစ်ခွဲသာ တက်ရောက်ရမည်ဖြစ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် 2022ခုနှစ် ဇန်န၀ါရီလ (1)ရက်နေ့မှ စတင်ကာ မတ်လ (15)ရက်နေ့ နောက်ဆုံးထားကာ လျှောက်ထားနိုင်ပါသည်။

၂၀၁၈ခုနှစ်မှစတင်ကာ စင်ကာပူနိုင်ငံရှိ ဘဏ်များအကြား Artificial Intelligenceနည်းပညာကို အမေရိကန်ဒေါ်လာ ၁၀သန်း ပထမဆုံးရင်းနှီးမြှုပ်နှံမှုများပြုခဲ့သည့် စင်ကာပူအခြေစိုက် OCBC Bankမှ National University of Singapore၏ Master of Computing AIပရိုဂရမ်အတွက် တက်ရောက်သင်ယူခွင့်ရရှိမည့် ထူးချွန်ကျောင်းသူ၊ကျောင်းသားများကို ကျောင်းလခ+ နေထိုင်စရိတ်+ စာအုပ်စာတမ်းကြေးတွေအတွက် အလုံးစုံပညာသင်ဆု အပြည့်အဝကင်းလွတ်ခွင့်ဖြင့် သင်ကြားနိုင်ရန် OCBC AI Scholarshipကိုလည်း ရွေးချယ်ပေးအပ်လျက်ရှိပါသည်။

အဆိုပါ OCBC AI Scholarshipအကြောင်းအရာအသေးစိတ်ကို – https://www.ocbc.com/group/careers/students/scholarships/postgraduate-ai-scholarship.html တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

NUSကျောင်း၀င်ခွင့် လျှောက်ထားရန်အတွက် လိုအပ်သည့်အရာများ။

– Copy of Passport

– NUS Application Fees

ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိလျှောက်ထားလိုသည့် ပရိုဂရမ်အလိုက် S$ 50မှ S$ 100ကို  NUSသို့ ပေးသွင်းရန်လိုအပ်ပြီး application feesများကိုလည်း waivedလုပ်ပေးမည်မဟုတ်ပါ။

သို့ရာတွင် မိမိတို့အနေဖြင့် အထက်ဖော်ပြပါ NUS Master Degree ပရိုဂရမ်များအနက် ၃ခုမှ ၅ခုအထိ လျှောက်ထားလိုပါက NUSမှ ကောက်ခံသည့် applicationအပြင် ထပ်မံပေးသွင်းရန်မလိုအပ်ပါ။

-Academic transcripts

ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ်အနေဖြင့် 75% ခန့်ရှိထားရန်လိုအပ်ပြီး အသိအမှတ်ပြု (၄)နှစ်နှင့်အထက် Bachelor Degreeရရှိထားသူများလျှောက်ထားနိုင်ပါသည်။ သို့ရာတွင် မိမိတို့ ရရှိထားသည့် Bachelor Degreeမှာ (၃)နှစ်နှင့် ဘာသာရပ်တစ်ခုချင်းစီ၏ရမှတ်မှာ 75% အောက်လျော့နည်းပါက အလုပ်အတွေ့အကြုံ (၂)နှစ်နှင့်အထက်ပေါင်းစပ် လျှောက်ထားခွင့်ရှိပါသည်။

-Resume with work experience

-Academic refree reports (၂စောင်)

academic referencesအတွက် လျှောက်ထားသူ၏ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် သက်ဆိုင်ရာဆရာ၊ဆရာမများထံမှ NUSမှ e-mailမှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသည်။

-Motivation letter (စာလုံးရေ အများအပြားထည့်သွင်းရေးသားရန်မလိုပါ)

-English Proficiency (IELTS Overall 6.0 or TOEFL 85 internet-based or TOEFL iBT, Home Edition accepted)

-GMAT/GRE (ထည့်သွင်းလျှောက်ထားရန်လိုအပ်သည့် ပရိုဂရမ်များအတွက်သာ)

-Other supporting documents (eg. short courses, internship)

-Proof of Fund (Bank Statement)

S$ 40,000 နှင့်အထက်ညီမျှသည့် မိဘ/မိမိ၏ ဘဏ်စာရင်းရှင်းတမ်းတင်ပြပေးရန်လိုအပ်ပါသည်။

ရွေးချယ်နိုင်သည့် Student Accommodation

NUSတွင် တက်ရောက်ခွင့်ရရှိသည့်အခါ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် On-Campus or Off-Campusအဖြစ် နေထိုင်ရန်လျှောက်ထားနိုင်ပါသည်။

On-Campusအနေဖြင့် –

1.Prince George Park residence

2.UTown residence

3.College Green (Bukit Timah campus – Law students)

တို့တွင် တစ်ပါတ်လျှင် S$216မှ $446 ကျသင့်မည်ဖြစ်ပါသည်။ NUSမှ offer letterရရှိသည့်အခါ May 4ရက်နေ့မှ June 3ရက်နေ့အတွင်း accommondationလျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Off-Campusအနေဖြင့်-

1.Student hostels – မိမိတို့ရွေးချယ်သည့်အလိုက် တစ်လလျှင် S$ 450မှ S$750နှင့်အထက် ကုန်ကျမည်ဖြစ်ပါသည်။

2.luxury living (1 room) with swimming pool, gym and facilities ပါရှိသည့် Private Condo များတွင် တစ်လလျှင် S$ 700နှင့်အထက်ကုန်ကျမည်ဖြစ်ပါသည်။

3.HDB flat – အိပ်ခန်း၁ခန်းပါရှိပြီး လုံခြုံစိတ်ချရသည့်အတွက် စင်ကာပူနိုင်ငံတွင် 80%အထိ အများဆုံးရွေးချယ်နေထိုင်ကြသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် S$ 400နှင့်အထက်သာကုန်ကျပါသည်။

အလုပ်အကိုင်အခွင့်အလမ်း
National University of Singaporeတွင် တက်ရောက်မည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့်
ကျောင်းတက်နေစဉ် တစ်ပါတ်လျှင် (၁၆)နာရီ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါသည်။ NUSတွင် တက်ရောက်ပြီးစီးသည့်အခါ မြန်မာနိုင်ငံသို့ချက်ခြင်းပြန်လာရန်မလိုဘဲ long term visit passအနေဖြင့် (၁)နှစ်ဆက်လက်နေထိုင်ခွင့် အလုပ်ရှာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။

 

CLICK HERE to view Master of Computing Programs.

Scroll to Top