NUS Business Analytics Centre (BAC)

Global interest in the field of business data analytics has since grown tremendously, with companies across various industries actively seeking for talents who excel in the analytics field.

To date, near to 350 industrial analytics projects were completed by NUS MSBA students, with the school forming valuable partnerships with more than 100 organisations.

The NUS MSBA offered by the NUS BAC is ranked Asia No. 1*. Aside, the two schools which supported and co-designed the programme’s curriculum, namely, NUS Business School and NUS Computing, are also first in each of their fields within Asia.

The master’s degree programme aims to develop professionals with business analytics skills that will meet the growing demands of companies looking to improve their operations through data analytics.

Offered in Singapore, local and overseas students are welcomed. Students can choose to take it as a full-time (13 months) or part-time (2-year) programme.

Graduates from the NUS Master of Science in Business Analytics (MSBA) will be well-equipped with skills such as machine learning to excel in the data-analytics field across various industries such as finance, retail, information technology, supply chain, and healthcare.

Master of Science in Business Analytics ပရိုဂရမ်ကို ဘယ်သူတွေလျှောက်ထားသင့်လဲ၊ ဘာတွေ သင်ကြားရမလဲ။

အာရှနံပါတ် (၁)အကောင်းဆုံး စီးပွားရေးဘွဲ့လွန်ဘာသာရပ်သင် NUS business schoolနှင့် NUS school of computingမှ ပူးပေါင်းပို့ချသင်ကြားပေးမည့် Master of Science in Business Analytics (MSBA) ပရိုဂရမ်သည် မတူညီသည့်လုပ်ငန်းခွင်များတွင် Business analystsအဖြစ် စိတ်တိုင်းကျရွေးချယ်လုပ်ကိုင်လိုသူ များနှင့် သင့်တော်ပါသည်။

အဆိုပါပရိုဂရမ်ကို 1 year capstone projectဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး Programmingအခြေခံ သိရှိထားရန် လိုအပ်ပါသည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စင်ကာပူနိုင်ငံအခြေစိုက် နိုင်ငံတကာကုမ္ပဏီကြီးများတွင် analytics professionalအဖြစ် တာ၀န်ယူဆောင်ရွက်နေသည့်သူများထံမှ လေ့လာသင်ကြားခွင့်ရရှိနိုင်မည့်အခွင့်အရေးလည်းရှိပါသည်။

ကျောင်းလခနဲ့ အချိန်ဘယ်လောက်ကြာတက်ရောက်ရမလဲ၊ အနီးဆုံးကျောင်း၀င်ခွင့် ဘယ်အချိန်တွေရှိလဲ။

Master of Science in Business Analytics (MSBA) ပရိုဂရမ်တက်ရောက်လိုသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် အချိန် (၁၃)လကြာ တက်ရောက်ဖို့လိုအပ်ပြီး ကျောင်းလခအနေဖြင့် S$ 58,000 ကုန်ကျမည်ဖြစ်ပါသည်။

အနီးဆုံး 2022 August intakeအတွက် လက်ခံသင်ကြားပေးမှာဖြစ်ပြီး လျှောက်ထားလိုသူများအနေဖြင့် ယခု အောက်တိုဘာလ (11)ရက်နေ့မှ စတင်ကာ 2022ခုနှစ် ဇန်န၀ါရီလ (31)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

NUSကျောင်း၀င်ခွင့် လျှောက်ထားရန်အတွက် လိုအပ်သည့်အရာများ။

– Copy of Passport

– NUS Application Fees

ကျောင်းသူ၊ကျောင်းသားများအနေဖြင့် မိမိလျှောက်ထားလိုသည့် ပရိုဂရမ်အလိုက် S$ 50မှ S$ 100ကို  NUSသို့ ပေးသွင်းရန်လိုအပ်ပြီး application feesများကိုလည်း waivedလုပ်ပေးမည်မဟုတ်ပါ။

သို့ရာတွင် မိမိတို့အနေဖြင့် အထက်ဖော်ပြပါ NUS Master Degree ပရိုဂရမ်များအနက် ၃ခုမှ ၅ခုအထိ လျှောက်ထားလိုပါက NUSမှ ကောက်ခံသည့် applicationအပြင် ထပ်မံပေးသွင်းရန်မလိုအပ်ပါ။

-Academic transcripts

ဘာသာရပ်တစ်ခုချင်းစီအလိုက် ရမှတ်အနေဖြင့် 75% ခန့်ရှိထားရန်လိုအပ်ပြီး အသိအမှတ်ပြု (၄)နှစ်နှင့်အထက် Bachelor Degreeရရှိထားသူများလျှောက်ထားနိုင်ပါသည်။ သို့ရာတွင် မိမိတို့ ရရှိထားသည့် Bachelor Degreeမှာ (၃)နှစ်နှင့် ဘာသာရပ်တစ်ခုချင်းစီ၏ရမှတ်မှာ 75% အောက်လျော့နည်းပါက အလုပ်အတွေ့အကြုံ (၂)နှစ်နှင့်အထက်ပေါင်းစပ် လျှောက်ထားခွင့်ရှိပါသည်။

-Resume with work experience

-Academic refree reports (၂စောင်)

academic referencesအတွက် လျှောက်ထားသူ၏ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် သက်ဆိုင်ရာဆရာ၊ဆရာမများထံမှ NUSမှ e-mailမှတဆင့် ဆက်သွယ်သွားမည်ဖြစ်ပါသည်။

-Motivation letter (စာလုံးရေ အများအပြားထည့်သွင်းရေးသားရန်မလိုပါ)

-English Proficiency (IELTS Overall 6.0 or TOEFL 85 internet-based or TOEFL iBT, Home Edition accepted)

-GMAT/GRE (ထည့်သွင်းလျှောက်ထားရန်လိုအပ်သည့် ပရိုဂရမ်များအတွက်သာ)

-Other supporting documents (eg. short courses, internship)

-Proof of Fund (Bank Statement)

S$ 40,000 နှင့်အထက်ညီမျှသည့် မိဘ/မိမိ၏ ဘဏ်စာရင်းရှင်းတမ်းတင်ပြပေးရန်လိုအပ်ပါသည်။

ရွေးချယ်နိုင်သည့် Student Accommodation

NUSတွင် တက်ရောက်ခွင့်ရရှိသည့်အခါ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် On-Campus or Off-Campusအဖြစ် နေထိုင်ရန်လျှောက်ထားနိုင်ပါသည်။

On-Campusအနေဖြင့် –

1.Prince George Park residence

2.UTown residence

3.College Green (Bukit Timah campus – Law students)

တို့တွင် တစ်ပါတ်လျှင် S$216မှ $446 ကျသင့်မည်ဖြစ်ပါသည်။ NUSမှ offer letterရရှိသည့်အခါ May 4ရက်နေ့မှ June 3ရက်နေ့အတွင်း accommondationလျှောက်ထားနိုင်မည်ဖြစ်ပါသည်။

Off-Campusအနေဖြင့်-

1.Student hostels – မိမိတို့ရွေးချယ်သည့်အလိုက် တစ်လလျှင် S$ 450မှ S$750နှင့်အထက် ကုန်ကျမည်ဖြစ်ပါသည်။

2.luxury living (1 room) with swimming pool, gym and facilities ပါရှိသည့် Private Condo များတွင် တစ်လလျှင် S$ 700နှင့်အထက်ကုန်ကျမည်ဖြစ်ပါသည်။

3.HDB flat – အိပ်ခန်း၁ခန်းပါရှိပြီး လုံခြုံစိတ်ချရသည့်အတွက် စင်ကာပူနိုင်ငံတွင် 80%အထိ အများဆုံးရွေးချယ်နေထိုင်ကြသည်။ ကုန်ကျစရိတ်အနေဖြင့် တစ်လလျှင် S$ 400နှင့်အထက်သာကုန်ကျပါသည်။

အလုပ်အကိုင်အခွင့်အလမ်း
National University of Singaporeတွင် တက်ရောက်မည့်ကျောင်းသူ၊ကျောင်းသားများအနေဖြင့်
ကျောင်းတက်နေစဉ် တစ်ပါတ်လျှင် (၁၆)နာရီ အချိန်ပိုင်းအလုပ်လုပ်ခွင့်ရှိပါသည်။ NUSတွင် တက်ရောက်ပြီးစီးသည့်အခါ မြန်မာနိုင်ငံသို့ချက်ခြင်းပြန်လာရန်မလိုဘဲ long term visit passအနေဖြင့် (၁)နှစ်ဆက်လက်နေထိုင်ခွင့် အလုပ်ရှာခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။

 

CLICK HERE to view Master of Science in Business Analytics (MSBA) Programs.

Scroll to Top