PTE Test Center

PTE ဆိုတာဘာလဲ

PTE အရှည်ကောက်ကတော့ “Pearson Test of English” ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းလုံးရှိတက္ကသိုလ်များမှာ တက်ရောက်သင်ကြားနိုင်ဖို့အတွက် အင်္ဂလိပ်စာအရည်အချင်း ပြည့်မီမှုဆိုင်ရာ စံသတ်မှတ်ချက်အနေဖြ င့် စစ်ဆေးကြတဲ့ အရည်အချင်းစစ် စာမေးပွဲတခုဖြစ်ပါ တယ်။ “Pearson Test of English” (PTE) အရည်ချင်းစစ်စာမေးပွဲ (၂) မျိုး ရှိပါတယ်။ PTE (Academic Test) နှင့် PTE (General Test) တို့ဖြစ်ပါတယ်။

တခြားစစ်ဆေးကြတဲ့ အင်္ဂလိပ်စာအရည်အချင်း စာမေးပွဲတွေအနေနဲ့ ကွာခြားတာကတော့ PTE Test ရဲ့ စာမေးပွဲစစ်တဲ့ပုံစံတွေ နဲ့ အမှတ်ပေးပုံစနစ် တို့ပဲဖြစ်ပါတယ်။ PTE Testတွေကတော့ IELTS နဲ့ TOEFL လို Test Result အချိန်ကြာကြာစောင့်စရာမလိုဘဲ ကွန်ပျူတာအမှတ်ပေးစနစ်အပေါ် အခြေခံတဲ့စာမေးပွဲဖြစ်တာကြောင့် တခြားသောစာမေးပွဲ စစ်ဆေးတဲ့ပုံစံတွေထက် ပိုမိုတိကျပြီး မြန်ဆန်စေပါတယ်။ ဒီအချက်ကတော့ PTE Test ရဲ့ အထူးလူကြိုက်များပြီး ဖြေဆိုကြတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားမှုတစ်ချက်ကတော့ PTE Test ဟာ High-Level (သို့ ) Complex English ထက် “EverydayEnglish Usage” ကို ကွန်ပျူတာထဲမှာ “Multi-LevelGrading System” ဖြင့် ထည့်သွင်းစစ်ဆေးတာကြော င့် ဖြေဆိုသူရဲ့ အင်္ဂလိပ်စာအရည်အချင်း + ရလဒ်ကို တိတိကျကျဖော်ပြပေးနိုင်ပါတယ်။

PTEကို ဘယ်သူတွေဖြေဆိုသင့်လဲ (ကုန်ကျစရိတ်နဲ့ ကြာမြင့်ချိန်)

အနည်းဆုံး အသက်အရွယ် (၁၆) နှစ်ပြည့်ထားပြီးသူများ သြစတြေးလျ ၊ နယူးဇီလန် နှင့် အိုင်ယာလန် အစရှိတဲ့ နိုင်ငံများရှိတက္ကသိုလ်များကို အဓိကလျှောက်ထားလိုသူများ ဖြေဆိုနိုင်ပါတယ်။ PTE Test Fees ကိုတော့ ကျောင်းသားရောက်ရှိဖြေဆိုရမယ့်  နိုင်ငံအလိုက်ပြောင်းလဲကောက်ခံလျက်ရှိပြီး Pearson ဘက်သို့ ပေးသွင်းဖြေဆိုကြရမှာ ဖြ စ်ပါ တယ်။

Test Expire ရှိ / မရှိ နှင့် ၁နှစ်မှာ အများဆုံး ဘယ်နှစ်ကြိမ် ဖြေဆိုနိုင်မလဲ။

PTE Test result ဟာ ဆိုရင် သက်တမ်းထိနိုင်ငံတကာရှိ ကောလိပ်၊ တက္ကသိုလ်များ လျှောက်ထားရာမှာ PTE TestResult အနေနဲ့ IELTS ကဲ့သို့ (၂) နှစ်စာ အကျုံးဝင်ပြီး တစ်နှစ်တွင်ဖြေဆိုမှုအကြိမ်အရေအတွက် မကန့်သတ်ထားတာကြောင့် ပထမတကြိမ်ဖြေဆိုထားတဲ့ Test Score ကိုရရှိပါက နောက်တကြိမ် အကန့်အသတ်မရှိ ဖြေဆိုနိုင်ပါတယ်။ 

Do's and Don'ts for PTE

PTE Test ဖြေဆိုမယ့် ကျောင်းသူ ကျောင်းသားများသည် ဖြေဆိုမယ့် Test Center ကို မိနစ်(၃၀)စောစွာ ရောက်ရှိထားရပါ မယ်။ မဖြေဆိုမှီ စည်းကမ်းလိုက်နာချက်များကို သဘောတူကြောင်း လက်မှတ်ရေးထိုးရပါမယ်။ သတ်မှတ်ထားတဲ့ဖြေဆိုသူရဲ့ Valid ID – Passport တို့ကို မိမိနဲ့တပါတည်း ယူဆောင်လာဖို့ လိုအပ်ပါတယ်။ Notepad, Books စတဲ့ စာရေးကိရိယာပစ္စည်းများ Mobile Phone, Digital Watches, Wallet/ Purse, Water Bottle, Electronic Gadgets စတဲ့ အသုံးဆောင် အပြင် အစားအသောက်များ နှင့် သောက်သုံးစရာများကို စာမေးပွဲအခန်းအတွင်းသို့ ယူဆောင်ခွင့်မပြု ပါ ။

[အသေးစိတ်ကို “www.pearsonpte.com/preparation/on-test-day” မှာ ဖတ်ရှုနိုင်ပါတယ်။]

CROWN Education and Royal Academic Institute တွင် Pearson English Language Test (PTE) ကို “GED & PTE Test Center ID-86950” လက်မှတ်ဖြင့် တရားဝင်စစ်ဆေးခွင့်ရရှိထားတာကြောင့် ဖြေဆိုလိုသူများအနေဖြင့် https://mypte.pearsonpte.com တွင် စာရင်းသွင်းကာ ဖြေဆိုနိုင်ပါတယ်။

PTE နဲ့ ဘယ်နိုင်ငံ ၊ ဘယ်ကျောင်းတွေကို လျှောက်ထားနိုင်မလဲ

PTE Test result နဲ့ သြစတြေးလျ ၊ အမေရိကန်ပြည်ထောင်စု၊ ယူကေ ၊ ကနေဒါ ၊ နယူးဇီလန် နှင့် ဂျာမနီ စတဲ့နိုင်ငံများကို အဓိကထားလျှောက်ထားနိုင်ပါတယ်။ PTE လက်ခံတဲ့နိုင်ငံအလိုက် လျှောက်ထားနိုင်သော တက္ကသိုလ်များ ၊ ကျောင်း များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

စင်္ကာပူ :flag-sg:

  • National University of Singapore
  • Nanyang Technological University 
  • PSB Academy 
  • East Asia Institute of Management 
  • Dimensions International College 
  • Curtin University 

သြစတေးလျနိုင်ငံ :flag-au:

  • Monash Universities
  • Australian National Universities
  • University of Queensland
  • Deakin University
  • University of Adelaide

ယူကေနိုင်ငံ:uk:

  • London Business School
  • University of Oxford
  • Aston University
  • University of Southampton
  • University of Bath
  • University of Warwick
  • University of Glasgow

အမေရိကန်ပြည်ထောင်စု :us:

  • Harvard University
  • Yale University
  • Babson College
  • Colorado State University
  • Columbia University
  • George Mason University
  • Pace University
  • SUNY, Binghamton
  • University of Illinois, Chicago

ကနေဒါ :flag-ca:

  • University of British Columbia
  • McGill University
  • University of Ottawa
  • University of Calgary
  • University of Waterloo
  • Dalhousie University
  • York University
  • University of Saskatchewan

နယူးဇီလန် :flag-nz:

ဗီဇာ နဲ့ ကျောင်း လျှောက်ထားမှုဆိုင်ရာအတွက် နယူးဇီလန်နိုင်ငံရှိ တက္ကသိုလ်များအားလုံးက လက်ခံလျက်ရှိပြီး
Institute of Technology, Polytechnics, Private Training အဖွဲ့အစည်းများ ပါဝင်တယ်။

English Proficiency လိုအပ်ချက်အတွက် PTEရမှတ်ဖြင့် လျှောက်ထားနိုင်သည့် နိုင်ငံအလိုက် တက္ကသိုလ်၊ကောလိပ်များကို https://www.pearsonpte.com/who-accepts-pte တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Scroll to Top