GED Program

We offer a GED program at our school to provide an alternative pathway to a high school diploma.

Frequently Asked Questions

CROWN Education ၏ Higher Secondary School ဖြစ်သည့် RAI သည် မြန်မာနိုင်ငံမှ အသက် (၁၆) နှစ်နှင့် အထက်ရှိသည့် ကျောင်းသူ ကျောင်းသားများ၊ မြန်မာဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်း (စနစ်သစ် ပညာရေး)၊ IGCSE နှင့် GED ဖြေဆိုအောင်မြင် ပြီးစီးထားသူများအတွက် နိုင်ငံတကာရှိ ကောလိပ်နှင့် တက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်လေ့လာသင်ယူနိုင်ရန်အတွက် American Grade 12 Program (https://royal.edu.mm/gac/), Canada Grade 12 Program (https://royal.edu.mm/ossd/) များကိုလည်း အကောင်းဆုံး လေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။ 

များမကြာမီတွင် GED အပြင် American Grade 12, Canada Grade 12 ပြင်ဆင်ပြီး မိမိတို့၏ ပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကာ မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ ကျောင်းသူ၊ကျောင်းသားများအား (online-learning) ဖြင့် စနစ်တကျ လေ့ကျင့် သင်ကြားနိုင်ရန်အတွက်လည်း ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ 

Moodle အသုံးပြုကာ သင်ကြားကြမည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် အဆင်ပြေလွယ်ကူစွာ တက်ရောက်သင်ကြားနိုင်ရန်အတွက် Laptop ဖြစ်ပါက Windows 10 နှင့်အထက် သို့မဟုတ် Mac Book Air/Pro ဖြစ်ပါက macOS Big Sur (version 11) ရှိထားရမည်ဖြစ်ပါသည်။

ကျောင်းအပ်ထားရာတွင် အသုံးပြုသည့် မိမိ၏ email, နာမည်အပြည့်အစုံ၊ မိမိ တက်ရောက်နေသည့် Batch အမည်နှင့် log in ၀င်လို့ မရသည့် အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ အတန်းတာဝန်ခံထံ ဆက်သွယ်ပြီးပြောထားပေးရပါမည်။

Password မေ့သွားပါက – 

(၁) ကျောင်းသူ၊ကျောင်းသားကိုယ်တိုင် forgot password ကို clickပြုလုပ်ပြီး မိမိ၏ ကျောင်းသား အကောင့်ဖွင့်ရာတွင် အသုံးပြုထားသော email ဖြည့်ပေးကာ reset password link အတွက် requestပြုလုပ်နိုင်ပါသည်။ 

(၂) မိမိ၏ သက်ဆိုင်ရာ အတန်းတာဝန်ခံထံ ဆက်သွယ်ပြီး ကြိုတင်ပြောထားပေးရပါမည်။

အတန်းပျက်ရင် နာမည်ကို မိမိအပ်နှံထားသည့် အတန်း (ဉပမာ၊ GED Online Learning Batch 20) ၏ Facebook Group (သို့မဟုတ်) Telegram Group တွင် အတန်းချိန်မစတင်မီ အနည်းဆုံး မိနစ် (၃ဝ) ကြိုတင်ခွင့်တိုင်ထားရမည် ဖြစ်ပါသည်။

သင်တန်းပျက်ကွက်ရသည့် အကြောင်းအရာ ခိုင်လုံမှသာ အများဆုံး (၃) ချိန်အထိ ခွင့်ပြုပေးပါသည်။ ခွင့်မတိုင်ပဲ ခွင့်မဲ့ ပျက်ကွက်ပါက (၂) ချိန် ကျော်လွန်သည့်အခါ အတန်းမှ ရပ်နားခြင်း ခံရမည်ဖြစ်ပါသည်။

ဖုန်းခေါ်ဆိုမေးမြန်းမှုများအတွက် 09 4455-66-701 နှင့် 09 88-111-01-55,  09 88-111-01-66 အား Public Holidays နဲ့ Sunday မပါဝင်ဘဲ ရုံးချိန်အတွင်း Monday-Saturday (နံနက် ၉နာရီမှ ညနေ ၄နာရီ) ဆက်သွယ်စုံစမ်းနိုင်ပါသည်။ email မှ ဆက်သွယ်လိုပါက academic@royal.edu.mm သို့ ဆက်သွယ်နိုင်ပြီး Viber ဖြင့် ဆက်သွယ်လိုပါက +95(9)445566 701 သို့ နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါသည်။

Soft Copy အတွက် Moodle တွင် အခမဲ့ ရယူနိုင်ပါသည်။ Hard Copy အတွက် ထပ်မံ ဝယ်ယူလိုပါက 09 4455 66 701 (Viber) ကို ဆက်သွယ်ကာ မိမိ၏ နာမည်၊ ဆက်သွယ်ပေးရမည့် ဖုန်းနံပါတ်၊ email၊ batch numberနှင့် ပို့ဆောင်ပေးရမည့် လိပ်စာ အပြည့်အစုံဖြည့်သွင်းကာ ဝယ်ယူနိုင်ပါသည်။ 

Textbook/Reference မှာယူလိုသည့်ပုံစံ

  • CROWN Education & Royal Academic Institute (Yangon သို့မဟုတ် Mandalay) တွင် လာရောက် ထုတ်ယူမည် (ကျောင်းတွင်လာထုတ်မည့်သူများမှာ Address လေး မဖြည့်လည်း ရပါတယ်ခင်ဗျာ)
  • Royal Express ကဲ့သို့သော Delivery ဖြင့် ပို့ပေးရန် (Address လေးကို မဖြစ်မနေ ဖြည့်ပေးရပါမည်)

မိမိဘက်မှ ပျက်ကွက်သည့် အတန်းချိန် အတွက် Zoom/Google Meet Recording file ကို သက်ဆိုင်ရာ အတန်း Group တွင် တင်ပေးထားမည်ဖြစ်သည့် အတွက် Recording ပြန်ကြည့်နိုင်ပါတယ်။

မြန်မာနိုင်ငံတွင် GED ဖြေဆိုကြမည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် GED Test ကို မဖြေဆိုခင် Ready Testကို ကျောင်းသူ၊ကျောင်းသားများ၏ အခြေအနေလိုအပ်ချက်အပေါ်မူတည်ပြီး ဖြေဆိုရန် စဉ်းစားသင့်ပါတယ်။

(၁) GED Website (https://www.ged.com) တွင် ကျောင်းသူ၊ကျောင်းသား ကိုယ်တိုင် account create ကြိုတင်လုပ်ဆောင်ထားရန် လိုပါသည်။ 

(၂) GED Schedule Test လုပ်ဆောင်ရာတွင် Admission Policy, Reschedule Policy, Canceling Policy များကို နားလည်သဘောပေါက်ရန်  သေချာဖတ်ရှုထားရမည်ဖြစ်ပါသည်။ 

(၃) မိမိ၏ personal informationအား အချက်အလက်မှန်ကန်အောင်ဖြည့်ဖို့လိုအပ်ပါသည်။ မိမိဝင်ရောက် ဖြေဆိုလိုသည့် စာမေးပွဲ နေ့ရက်၊ အချိန်နှင့် Test Center အား ရွေးချယ်ကာ booked လုပ်ရပါမည်။ ဖြေဆိုနိုင်ရန်အတွက် Visa or Master Card တခုကို အသုံးပြုပြီး တဘာသာလျှင် ကျသင့်မည့် USD 80ကို ပေးချေရပါသည်။ 

(၄) RAI တွင် GED သင်တန်းမတက်ရောက်ထားသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့်လည်း Center Fees ပေးဆောင်ရန်မလိုပါ။ 

(၅) မိမိဖြေဆိုရမည့် နေ့ရက်နှင့် အချိန်ထက် Test Center ရှိရာသို့ မိနစ် (၃ဝ) ကြိုတင်လာရောက်ပေးရန်နှင့် မိမိ၏ မှတ်ပုံတင်မူရင်း or Passport တခုအား မဖြစ်မနေယူဆောင်လာခဲ့ပေးဖို့ လိုအပ်ပါသည်။ 

GED ဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားများသည် တဘာသာလျှင် 80 USD အား Visa/Master Card (Credit/Debit) ဖြင့် GED official website မှ ပေးချေကာ ဖြေဆိုနိုင်ပါသည်။ GED တွင် ဘာသာရပ် (၄)ခုဖြေဆိုရသည့်အတွက် စုစုပေါင်း USD (320) ကျသင့်မည်ဖြစ်ပါသည်။

GED ဖြေဆိုသည့်အခါ ဘာသာရပ်တခုအတွက် အနည်းဆုံး သတ်မှတ်ထားသည့် passing scores (145) မရရှိပါက အဆိုပါဘာသာရပ်အတွက် ပြန်လည်ဖြေဆိုရမည်ဖြစ်ပါသည်။ မိမိအနေဖြင့် တူညီသည့် ဘာသာရ (၁)ခုတည်းကို (၃) ကြိမ်အထိ ဖြေဆိုခွင့်ရှိသော်လည်း passing scores မရရှိခဲ့ပါက (၄)ကြိမ်မြောက်တွင် ဝင်ရောက် ဖြေဆိုခွင့် ထပ်မံရရှိနိုင်ရန် ပျမ်းမျှ ရက် (၆ဝ)ခန့် ပြန်လည်စောင့်ဆိုင်းပြီးမှ Pearson ဘက်က ဖြေဆိုခွင့် ပေးခြင်းရှိတတ်ပါသည်။

GED တွင် လေ့လာသင်ကြားရသည့် Mathematical Reasoning, Reasoning Through Language Arts, Social Studies, Science ဘာသာရပ် (၄)ခုလုံးကို ဖြေဆိုရာတွင် (၁)ဘာသာချင်းစီ ရမှတ် အနည်းဆုံး(145) မှတ် ရရှိထားပါက GED E-Diploma, E-Transcript ကို လက်ခံရရှိနိုင်မည်ဖြစ်ပါသည်။

GED ဘာသာရပ် (၄)ခုလုံးအား ဖြေဆိုအောင်မြင်သည့်အခါ  ၂၄နာရီအတွင်း မိမိ၏ Emailသို့ GED E-Transcript, E-Diploma ကို download ပြုလုပ်နိုင်ရန် emailလက်ခံရရှိမည်ဖြစ်ပါသည်။ ထို့နောက်တွင် လက်ခံရရှိလာသော email တစ်ခုချင်းစီမှ ဖော်ပြထားသည့် link ထဲသို့ ဉီးစွာဝင်ရောက်ရန်လိုအပ်ပါသည်။ အဆိုပါ email အတွက် လက်ခံရရှိထားသည့် Access Code အသုံးပြုကာ စုစုပေါင်း ရက်ပေါင်း (၁၈ဝ) အတွင်း download ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 

သတိပြုရန်မှာ။ 

(၁) မိမိတို့၏ emailများအား အချိန်အတော်ကြာ ဝင်ရောက်မစစ်ဆေးမိခြင်း သို့မဟုတ် အချို့သော ကျောင်းသားများတွင် email၏ Spam Folder ထဲ ရောက်ရှိနေတတ်ခြင်းတို့ကြောင့် အချိန်လွန်မိ သိရှိတတ်ခြင်း။ 

(၂) ထိုသို့ လုပ်ဆောင်ရမည်ကို မသိရှိသည့် ကျောင်းသူ၊ကျောင်းသားများအနေဖြင့် စိတ်ပူပန်မှုနှင့် download အား မကြာခဏ နှိပ်မိသည့်အခါမျိုးတွင် Limit ပြည့်သွားတတ်သဖြင့် Free Download ရရှိတော့မည် မဟုတ်ဘဲ  GED E-Transcript, GED E-Diploma အတွက် တခုလျှင် $15 နဲ့ပြန်ဝယ်ရတတ်သည်ကို သတိပြုရန်လိုပါသည်။

GED Exam ကို register ပြုလုပ်ထားသည့် ရက်တွင် မိမိအနေဖြင့် ဝင်ရောက်ဖြေဆိုရန် အဆင်မပြေပါက www.ged.com တွင် test reschedule or cancel ပြုလုပ်နိုင်ပါသည်။ 

သတိပြုရန်မှာ။ အဆိုပါလုပ်ဆောင်မှုများအတွက် မိမိ ဖြေဆိုမည့် စာမေးပွဲအချိန်ထက် အနည်းဆုံး (၂၄)နာရီ ကြိုတင်၍ လုပ်ဆောင်ရမည်ဖြစ်ပါသည်။ ထိုအချိန်ထက် ကျော်လွန်သွားပါက မည်သည့်ပြောင်းလဲမှုများကိုမှ လုပ်ဆောင်နိုင်မည် မဟုတ်ပါ။

Eligilibility Alert ဖြစ်ရခြင်းမှာ မိမိအနေဖြင့် acc ၂ခုဖွင့်ထားမိတာ၊ personal information မှားထည့်မိထားတာ အပြင်၊ Twins ရှိတဲ့သူများတွင် information အများဆုံးတူညီနေသည့်အတွက် ယခုကဲ့သို့ eligibility alert ဖြစ်တတ်ပါသည်။ 

ထိုသို့သောအခြေအနေမျိုးတွင် help@ged.com သို့ email ပေးပို့ပြီး မိမိ၏ account တွင် ယခုကဲ့သို့ alert ဖြစ်နေသည့် email အပြည့်အစုံရေးသား ပေးပို့ဖို့လိုအပ်ပါသည်။ 

help@ged.com သို့ ပေးပို့သည့်အခါတွင် –  

  • First name and last name
  • Email Address
  • Mailing Address with postal code 
  • Phone Number
  • GED ID

စသည့် infoများအား ထည့်ပေးနိုင်ပါသည်။ မိမိတဉီးတည်းမှ account 2ခုဖွင့်မိသည့်အခါတွင်လည်း မိမိ ဖွင့်ထားမိသည့် account များ၏ information ကိုပါ ထည့်သွင်းရေးသားပေးရပါမည်။

CROWN Education & Royal Academic Institute (GED Official Test Center ID – 86950) သည် မြန်မာနိုင်ငံမှ ကျောင်းသူ၊ကျောင်းသားများ အတွက် ရန်ကုန်မြို့တွင် Center Fees ပေးဆောင်ရန်မလိုဘဲ ဖြေဆိုနိုင်သည့် Test Center တခုဖြစ်ပါသည်။ 

Test Center ၏ လိပ်စာမှာ – No. 275, 3rd Floor, Red Hill Tower, Pyay Road, Sanchaung Township, Yangon ဖြစ်ပါသည်။

Test Centerအနေဖြင့် GED Test အတွက် ကျောင်းသူ၊ကျောင်းသားများအား Bookedလုပ်ပေးခြင်း၊ Exam Fees ပေးသွင်းခြင်းနှင့် ပတ်သက်သည့် ဝန်ဆောင်မှုများမရှိပါ။ ကျောင်းသူ၊ ကျောင်းသားများ လာရောက်ဖြေဆိုသည့်အခါတွင် စိတ်အေးသက်သာစွာဖြင့် သက်တောင့်သက်သာဖြေဆိုနိုင်ရန် infrastructuresများကို စီစဉ်ဆောင်ရွက်ပေးထားပါသည်။ 

Test Centerအနေဖြင့် ကျောင်းသူ၊ကျောင်းသားများ ဖြေဆိုသည့်အခါတွင် လိုအပ်နိုင်သည့် Technical Serviceများ ပေးခြင်းနှင့် Test Taker အချက်အလက်မှန်ကန်မှုရှိ၊မရှိကိုသာစစ်ဆေးပြီး ဝန်ဆောင်မှုပေးပါသည်။ 

[မိမိတို့ သိရှိလိုသည့် အခက်အခဲများအား  Ma Mya Sandar Aye: +95(9)445566 701 သို့ နံနက် (၉)နာရီမှ ညနေ (၅)နာရီအတွင်း တိုက်ရိုက်မေးမြန်းစုံစမ်းနိုင်ပါသည်]

Test Centerအနေဖြင့် ကျောင်းသူ၊ကျောင်းသား တဉီးချင်းစီ၏ personal information အချက်အလက်များအား ဝင်ရောက်ပြင်ဆင်ပေးခွင့် မရှိပါ။ 

မိမိ၏ GED account မှ edit profile တွင်သော်လည်းကောင်း၊ help@ged.com သို့ email ပို့၍သော်လည်းကောင်း ကြိုတင်ဆက်သွယ်ကာ ပြင်ဆင်နိုင်ပါသည်။

ကျောင်းသူ၊ ကျောင်းသားများ Test Center တွင်ဖြေဆိုနေစဉ်အတွင်း မိမိတို့ ဖြေဆိုနေသည့် Exam Contentများအတွက် အချိန်မလုံလောက်မှုနဲ့ အခြားသော အဆင်မပြေမှုများအား တစုံတရာဖြစ်ပေါ်ခဲ့ပါက Test Center ရှိ TA( Test Administrator) တဉီးအား ချက်ချင်းအကြောင်းကြားရန်လိုအပ်ပါသည်။ 

သို့သော်လည်း ကျောင်းသူ၊ကျောင်းသားများ Test Center တွင် ဖြေဆိုနေစဉ်အတွင်း Exam content issueများအတွက် ချက်ခြင်းဆိုသလို ကူညီဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ 

ဖြေဆိုပြီးစီးသည့်အခါ မိမိတို့တွေ့ကြုံခဲ့ရသည့် အခြေအနေများကို Pearson ဘက်သို့ တိကျစွာ emailမှ တဆင့် complaint letter ပေးပို့နိုင်ပါသည်။ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ထိုသို့ ပေးပို့ပြီးသည့်အခါ Test Center မှ တာဝန်ခံ (Test Administrator) တဉီးမှ အထက်ပါ အခက်အခဲ/ အဆင်မပြေခဲ့မှု တစုံတရာနှင့် ပတ်သက်၍ Create a Case ပြုလုပ်ပေးကာ GEDဘက်သို့ ကူညီပြောပြပေးနိုင်မည်ဖြစ်ပါသည်။

Scroll to Top