
Ontario Secondary School Diploma (OSSD) ဆိုတာဘာလဲ . . .
- OSSD ဆိုတာ ကနေဒါနိုင်ငံ Ontario ပြည်နယ်မှအထက်တန်းအောင်မြင်ပြီးဆုံးသည့် ကျောင်းသူကျောင်းသားများကို ထုတ်ပေးသည့် ဒီပလိုမာ လက်မှတ်ဖြစ်သည်။ အဆိုပါလက်မှတ်ကို ကနေဒါနိုင်ငံ Ontario, Ministry of Education မှတိုက်ရိုက်ထုတ်ပေးသည်။ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများလေ့လာသင်ယူနိုင်ရန် ကနေဒါနိုင်ငံ Ontario ရှိ Rosedale Academy နှင့် CROWN EDUCATION & ROYAL ACADEMIC INSTITUTE တို့ပူးပေါင်းလျက် မြန်မာနိုင်ငံ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် အဆိုပါဒီပလိုမာကို သင်ကြားပို့ချ ပေးသွား မည်ဖြစ်သည်။ Rosedale Academy သည် BSID#668726 ဖြင့် ကနေဒါနိုင်ငံ Ontario Ministry of Education မှ Credit-Granting Authority ရရှိထားပြီးဖြစ်ပါသည်။
- ကနေဒါနိုင်ငံတွင် OSSD လက်မှတ်ရရှိရန် အထက်တန်းကျောင်းများတွင် (၉) တန်းမှ (၁၂) တန်းအတွင်း Credit 30 သင်ယူ ရရှိရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင်သင်ကြားပေးမည့် Canadian High School Diploma (OSSD) ရရှိရန်အတွက်အနည်းဆုံး 6 Courses သို့မဟုတ် 7 Courses သင်ကြားရန်လိုအပ်သည်။
- အချိန်တစ်နှစ်အတွင်း OSSD ပြီးမြောက်ရန်နှင့် Credit မည်မျှထပ်မံယူရမည်ကိုသိရှိနိုင်ရန် မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ၏ ဆယ်တန်း အောင်လက်မှတ် သို့မဟုတ် iGCSE/ GCE A-LEVEL ရမှတ်များကို ကနေဒါ နိုင်ငံ တွင် Prior Learning Assessment Recognition (PLAR) စနစ်ဖြင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် ROSEDALE ACADEMY မှစစ်ဆေးပေးမည်ဖြစ်သည်။ ထို့နောက်လိုအပ်သည့်ဘာသာရပ်များ/ Credit များကို ROSEDALE ACADEMY နှင့် CROWN EDUCATION & ROYAL ACADEMIC INSTITUTE မှ ပူးပေါင်း သင်ကြား ပေးပါမည်။
OSSD လက်မှတ်ရရှိပြီးပါက ကနေဒါနိုင်ငံရှိတက္ကသိုလ်များသာမကပဲ၊ သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ ဂျပန်၊ စင်္ကာပူအစိုးရတက္ကသိုလ်များ သို့ပါလျောက်ထားနိုင်သည်။
Ontario Secondary School Diploma ဝင်ခွင့်လိုအပ်ချက်
- OSSD ကို Credit Course များဖြင့်ဖွဲ့စည်းထားသဖြင့်၊လျောက်ထားမည့်ကျောင်းသားတစ်ဦးချင်းစီအလိုက် Admission ကိုစဉ်းစားပေးပါသည်။
- ယေဘူယျအားဖြင့် OSSD ကို iGCSE အနည်းဆုံး (၅)ဘာသာဖြေဆိုထားသူများ၊ မြန်မာဆယ်တန်း စနစ်ဟောင်းအောင်မြင်ထားသူများ၊ မြန်မာစနစ်သစ် (၁၁)တန်းနှင့်ညီမျှသူများလျောက်ထားနိုင်သည်။
- iGCSE မဖြေဆိုရသေးသူများ Sec-3/Sec-4 မှတ်တမ်းများဖြင့်လည်းလျောက်ထားနိုင်သည်။ သင်ယူရမည့် Credit Course အရေ အတွက်ကွဲပြားနိုင်သည်။
OSSD လက်မှတ်ရရှိရန်
- 10 hours of community service လုပ်ဆောင်ရပါမည်။
- Ontario Secondary School Literacy Test
- (ယခုအခါ Covid-19 ကြောင့်အဆိုပါ Test ကိုဖြေဆိုရန်မလိုအပ်ပါ။)
If student failed or didn’t get a chance to take OSSLT, they are required to take
- Ontario Literacy Course (OSSLC)
- STUDENT WILL GET ONTARIO EDUCATION NUMBER (OEN)
- Ontario Student Record (OSR) – Will be Kept in Toronto Office
OSSD နဲ့ ဆေးတက္ကသိုလ်ဝင်ခွင့်များ
- မြန်မာနိုင်ငံ CROWN-RAI တွင် OSSD ပြင်ဆင်ပြီး UK, Poland, Hungary နိုင်ငံများတွင် MBBS, Dentistry, Pharmacy ဘွဲ့များအတွက် တက္ကသိုလ်သို့တိုက်ရိုက်လျောက်ထားနိုင်သည်။
- အင်္ဂလန်ဆေးတ္ကသိုလ်များသို့လည်းတိုက်ရိုက်လျောက်ထားနိုင်ပြီး OSSD ပြင်ဆင်ရာတွင် ဆယ်လသာကြာမြင့်နိုင်သည့်အတွက် GCE A ပြင်ဆင်သည့် (၂) နှစ်အချိန်ထက်များစွာအချိန်ကုန်သက်သာနိုင်သည်။ အင်္ဂလန်ဆေးတက္ကသိုလ်များသို့တိုက်ရိုက်လျောက်ထားရန် UKCAT, UKBMAT စာမေးပွဲများအတွက်ပါပြင်ဆင်ပေးသည်။
- UK ဆေးတက္ကသိုလ်များတွင်ကုန်ကျစရိတ်များသော်လည်း၊ Hungary, Poland နိုင်ငံများတွင် တစ်နှစ် US$ 8000 မှ US$ 16000 သာကုန်ကျနိုင်သည်။ နေထိုင်စားသောက်စရိတ်မှာလည်းအဆိုပါနိုင်ငံများတွင် တစ်လ US$ 300 မှ US$ 500 အတွင်းသာကုန်ကျသည်။
- Australia, USA, Canada နိုင်ငံများတွင်လည်း PreMedicine Degree များဆက်လက်တက်ရောက်နိုင်သည်။
OSSD ဘာသာရပ်များ
- ကျောင်းသူ/သား၏နောက်ခံပညာရေးမှတ်တမ်းနှင့်တက္ကသိုလ်တွင်ဆက်လက်သင်ယူရန်စိတ်ဝင်စားသော ဘာသာရပ်/ မေဂျာပေါ်တွင်မူ တည်၍ အောက်ပါ ဘာသာရပ်တွေကိုရွေးချယ်သင်ယူနိုင်သည်။
- Students will be able to select from the following study streams grouping of courses depending on their post-secondary program/area of interest:
Social Science Stream |
Engineering & Technology Stream |
1. English Literature 2. World History 3. Economics 4. Canadian Politics 5. Nutrition & Health 6. Elective course |
1. English Literature 2. Advanced Functions 3. Calculus & Vectors 4. Chemistry 5. Physics 6. Elective course |
Math, Business, & Computer Science Stream |
Health & Science Stream |
1. English Literature 2. Advanced Functions 3. Calculus & Vectors 4. Mathematics of Data Management 5. Economics 6. Elective course |
1. English Literature 2. Advanced Functions 3. Calculus & Vectors 4. Chemistry 5. Biology 6. Elective course |
Intake and Course Fees
- February 2022 [ Application Deadline : December 2021]
- August 2022 [ Application Deadline : June 2022]
မြန်မာနိုင်ငံရှိ OSSD သင်ကြားရေးစင်တာများတွင် CROWN-RAI သည်ကုန်ကျစရိတ်အသက်သာဆုံးနှင့် OSSD ကျောင်းသူ/ကျောင်းသားများလျောက်ထားနိုင်ငံ နိုင်ငံမေဂျာအများဆုံးအခွင့်အရေးများရရှိပါမည်။
Ontario Secondary School Diploma ဝင်ခွင့်လက်ခံပေးသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှထိပ်တန်းတက္ကသိုလ်အချို့
WHY PURSUE THE OSSD [ CANADIAN HIGH SCHOOL DIPLOMA]?
- Receive a globally recognized Canadian credential, the OSSD.
- Qualify to apply to post-secondary undergraduate degree programs around the world (UK, US, Australia, Canada, New Zealand, Singapore).
- Complete academic university preparation courses to ensure success when studying abroad.
- Receive a 3-year work permit upon graduation to live and work in Canada (if studying in a Canadian university)